Intro
Verse 1
ပင်ယံမှာ သူမွှေးပျံ့ကာ ပျော်နေသူလေးရေ
လေယူရာ သူယိမ်းနွဲ့ခဲ့ ဒါဟာသဘာဝပဲ
အချိန်မတန်ခင် ခြွေခူးကြတော့ စာနာမှုကင်းမဲ့
ဝေဒနာပင်လယ်နွံထဲ နစ်မယ့်မင်းဘဝ ညှိုးနွမ်းသွားမှာစိုး
Pre Chorus
မယုံနိုင်အောင် လူတွေပါးစပ်ဖျား ကြုံတွေ့ခဲ့ရပြီ
ဖြေရှင်းခွင့်တွေ မင်းမတောင်းတော့ဘူးလား
နာကျင်စရာ ဒဏ်ရာဒဏ်ချက် သိပ်များလွန်းတဲ့အခါ
အရာအားလုံးကို မေ့လိုက်ပါ ပန်းရယ်
Chorus
ကိုယ်ခွင့်လွှတ်ပေးပါတယ် တစ်ကြိမ်တစ်ခါက အမှားတွေရယ်
ကိုယ်နှစ်သိမ့်ရင်းနဲ့ မင်းရဲ့ဘဝလေး ထိန်းကျောင်းပြုပြင်ပြီး
မငိုပါနဲ့ ပန်းရယ် ဘယ်သူများ စွန့်ခဲ့လည်း
ကိုယ်လေ အကြွေပန်းလေးပဲ ဘဝမှာ တန်ဖိုးထားမယ်
Solo
Verse 2
လာမယ်ဆို ကိုယ်မင်းအတွက် ပြင်ဆင်လို့ထားတယ်
အပြန်အလှန်သာ ညှိနှိုင်းရင်းနဲ့ ပြေလည်နိုင်မှာပါ
ကြည်ဖြူတယ် ကိုယ်မင်းလေးနဲ့ ဒီသံသရာထဲမှာ
အရာရာ ပြင်ဆင်တည်ဆောက်ထားခဲ့
မဝေးဘူး နောက်ထပ်ဘဝအိမ်လေး
Pre Chorus 2
ယုံကြည်တယ် တိမ်တွေဟိုအဝေး မိုးများစဲမယ့်အချိန်
ဆုတောင်းလေးတွေ ပြည့်ပါရစေလေ
ကြင်နာမယ် ဟိုအရင်တွေထက် ပိုဂရုစိုက်ပါ့မယ်
ရင်ငွေ့ထဲမှာ မှေးစက်ပါ ပန်းရယ်
Chorus
ကိုယ်ခွင့်လွှတ်ပေးပါတယ် တစ်ကြိမ်တစ်ခါက အမှားတွေရယ်
ကိုယ်နှစ်သိမ့်ရင်းနဲ့ မင်းရဲ့ဘဝလေး ထိန်းကျောင်းပြုပြင်ပြီး
မငိုပါနဲ့ ပန်းရယ် ဘယ်သူများ စွန့်ခဲ့လည်း
ကိုယ်လေ အကြွေပန်းလေးပဲ ဘဝမှာ တန်ဖိုးထားမယ်
အကြွေပန်းလေးပဲ တစ်သက်တာ ကိုယ်ချစ်သွားမယ်...