Original key: G
Intro
Verse 1
ကြင်နာသူရေ မင်းလေး ခဏလောက် နားဆင်ဦး အမှောင်တွေကြားထဲ
တိုးဝှေ့ မှေးစက် မအိပ်ခင်လေး နာကျင်ဝမ်းနည်းခဲ့ရ
တို့နှစ်ယောက် အတိတ်တွေအတွက် အယူခံတေးလေး မင်းလေးကြားဖို့ ညည်းဆိုမယ်
ငိုနေခဲ့သမျှ မင်းရဲ့နှလုံးသား တိတ်လိုက်ဦး အရင်လို နံဘေးနား
ကိုယ့်ရဲ့ အနမ်းများ နှစ်သိမ့်ပေးချင်တယ် အနိုင်ယူ ထားခဲ့မိသမျှ
အားလုံး အရှုံးတွေပဲ ကိုယ်လေ မင်းနဲ့ ဝေးသွားရမှ သိလာခဲ့ㅤ
မှန်တယ်ထင်ရာ လှမ်းပြီးမှ ကြင်နာသူရေ အဝေးက မင်းအသံလေးတော့
ကြားချင်သေး ㅤㅤကန္တာနွေကို နင်းမိမှ ကြင်နာသူရဲ့
အေးမြမေတ္တာလေးသာ ကိုယ်အသက်စမ်းရေ
ရင်ခွင်လေးထဲ စီးဆင်းလိုက်ပေါ့ အသက်ထက်ဆုံး
တစ်ချိန်က အပြုံးလေး ကိုယ့်အတွက်ပဲလို့ မင်းဖြေဦးလေ
အလည်လွန်ခဲ့တဲ့ နှလုံးသား အမှားများ ပြုပြင်ရင်း
ပြန်လည်မွေးဖွား တို့အချစ် တစ်ကစချင်တယ်
Solo

ကြင်နာခြင်းများ အကောင်းအတိုင်းလေးပဲ ရှိရင်ကွယ်
ပြန်လည်မွေးဖွား တို့အချစ်တစ်ကစချင်တယ်
Ending