Intro
Verse 1
အမှောင်တွေပြယ်ချိန် အလင်းတန်းများ စီးနင်းလို့ ဝင်လာသည့်တိုင်
ကိုယ်အိပ်စက်ခွင့် မရနိုင်ခဲ့တော့ အလွမ်းနယ်နွံမှာရူး
ဒဏ်ရာတွေကိုသာ ရေးခြစ်တဲ့ မင်းမျက်နှာလေး ငါ ပြန်တွေးခိုက်
နှလုံးသားက ကြေကွဲခြင်းနဲ့ အချစ်များမှာ ကျေနပ်နေခဲ့သူ
Chorus
နာကျင်ခြင်းများပဲ အမြဲထွေးပိုက်ကာ ချစ်ခဲ့သူ ချစ်မိသူ
ရင်ကို အမြဲတမ်း အရှုံးများပဲ နင်ဖန်ဆင်းလည်း မျှော်လင့်ခြင်းများနဲ့
ကိုယ့်ရဲ့ အချစ်တွေ လှပနေ အိုး စန္ဒီ မင်းရဲ့အချစ် အမှောင်တွေပြယ်ချိန်
ရောက်မယ့် မနက်ဖြန်များ
Verse 2
ရင်ခုန်သံတွေရယ် ကြဲပြန့်လို့ နင်လှမ်းကြည့်လိုက် ဒီအမှောင်ထဲမှာ
အနီးဆုံးနဲ့ အိုး အချစ်ရယ် ငါ့ဒဏ်ရာ တွေဟာ အချစ်လား
အနိုင်လိုသူအတွက် ပေးဆပ်ရင်းး ငါ့ရဲ့ဘ၀ နင်လိုတိုင်းယူ
နှလုံးသားက ကြေကွဲခြင်းနဲ့ အချစ်များမှာ ကျေနပ်နေခဲ့သူ
Chorus
နာကျင်ခြင်းများပဲ အမြဲထွေးပိုက်ကာ ချစ်ခဲ့သူ ချစ်မိသူ
ရင်ကို အမြဲတမ်း အရှုံးများပဲ နင်ဖန်ဆင်းလည်း မျှော်လင့်ခြင်းများနဲ့
ကိုယ့်ရဲ့ အချစ်တွေ လှပနေ အိုး စန္ဒီ မင်းရဲ့အချစ် အမှောင်တွေပြယ်ချိန်
ရောက်မယ့် မနက်ဖြန်များ
Bridge
ရှင်သန်နေမယ် မင်းလေးအတွက် အမှောင်နယ်ထဲ ကိုယ်ရဲ့ နှလုံးသား
အချစ်တွေနဲ့ တစ်ချိန်မှာ မင်း..လှမ်းခဲ့ ကြင်နာသော
အလင်းတွေနဲ့ ဆုံတွေ့မယ့်နေ့ကို တွေးရင်း ရူး
Chorus
နာကျင်ခြင်းများပဲ အမြဲထွေးပိုက်ကာ ချစ်ခဲ့သူ ချစ်မိသူ
ရင်ကို အမြဲတမ်း အရှုံးများပဲ နင်ဖန်ဆင်းလည်း မျှော်လင့်ခြင်းများနဲ့
ကိုယ့်ရဲ့ အချစ်တွေ လှပနေ အိုး စန္ဒီ မင်းရဲ့အချစ် အမှောင်တွေပြယ်ချိန်
ရောက်မယ့် မနက်ဖြန်များ မနက်ဖြန်များ
အိုး ㅤဝိုးㅤအချစ်ရေ မယုံရဲတော့ဘူး