Original key: F
Intro
Verse 1
ပြတင်းပေါက်က မိုးစက်တွေကို ကြည့်ရင်းနဲ့ မင်းမသိနိုင်ခဲ့ ငါ့သီချင်းများ
ဖြူစင်တဲ့ နှင်းစက်တွေ အရည်ပျော်ကုန်ပြီ မပျော်နိုင်ဘူးဟေ့ မင်းမရှိလို့
Verse 2
ဟိုးအဝေးက အချစ် နင်လာမလား ငါဘဝက မင်းမရှိခဲ့ရင် ခြောက်ခန်းပြီး
အိပ်မက်ထဲ မင်းအခါခါခေါ်ရင်း အို အချစ်လေးရေ နားစွင့်ပါ
Chorus
ဒီ သီချင်းလေး မဆုံးခင် ရင်ခွင်ထဲ လှမ်းခဲ့ပါ
ပြန်လာမယ်နေ့ စောင့်နေတယ် မင်းလေးသိလား
ဒီသီချင်းလေး မဆုံးခင် ငိုမနေနဲ့တော့ ကလေးရေ
ငါလွမ်းဆဲချစ်သူရယ် သီချင်းလေး ㅤ ㅤ
Verse 3
ပြတင်းတံခါးလေးပိတ်ပစ်လိုက်တယ် လမင်းလေး မင်းအလင်းရောင်တွေ
ငါ့မှာလိုအပ်ဆဲ အပြာရောင်ခန်းစီးစတွေ ငါလေဖယ်ပြီး
ဟို အပြင်ဖက်ထဲက ကြင်နာသူမင်း
Chorus
ဒီ သီချင်းလေး မဆုံးခင် ရင်ခွင်ထဲ လှမ်းခဲ့ပါ
ပြန်လာမယ်နေ စောင့်နေတယ် မင်းလေးသိလား
တောင်းတတဲ့စိတ်နဲ့ ငါချိုမြန်နေတယ်
ရက်စက်တဲ့အနမ်းတို့ လိုချင်လွန်းလို့ မင်းမသိနိုင်ပါအားလုံး
မင်းစကားလုံးများနဲ့ ငါပျော်ဝင်မယ် အားပေးမယ့်အပြုံးတို့လိုချင်ခဲ့တာ
သီချင်းလေးတွေတောင်မသိခဲ့ ဟိုအဝေးဆုံးက ကိုယ့်လမင်း
Chorus
ဒီသီချင်းလေးမဆုံးခင် လာခဲ့ပါရင်ထဲ လှမ်းခဲ့ပါ
ကြင်နာသူရေ စောင့်နေတယ် ပြန်လာခဲ့တော့
ဟူး...ဒီသီချင်းလေးမဆုံးခင် ရင်ခွင်ထဲလှမ်းခဲ့ပါ
မျှော်လင့်ခြင်း မင်းရက်တွေ စောင့်နေမယ်
အိုး...ဝေး ကိုယ့်ရဲ့သီချင်းလေး မျှော်လင့်လွန်းရလို့ရူးပြီ ဒီသီချင်းမဆုံးခင်လှမ်းခဲ့
ရင်ခွင်တံခါးမင်းဖွင့်လိုက်ပါ ရင်ခွင်တံခါးမင်းလှမ်းဖွင့်ပါ
အားပေးလှည့်ချစ်သူ