Original key: A
Original Key - B
Intro
Verse 1
အတူတူအနားမှာ မင်းလေး ရှိတဲ့အချိန်
ပီတိများနဲ့ ရင်တွေခုန် ပူပင်မှုတွေနဲ့
ဘဝရဲ့အမောများဝေး ကမ္ဘာကြီးဟာ ပြည့်စုံ
Verse 2
ဂစ်တာလေးကို မင်းကတီးခတ်စဉ်
ကိုယ်က သီချင်းများ ဆိုမယ်လေ
ပုံပြင်အသစ်တွေနဲ့ မင်းကချော့သိပ်တော့
အိပ်မက်တွေ လှနေ
Chorus
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူး ဘဝမှာ
ချစ်လို့မဝပါ နှစ်ယောက်တည်းကမ္ဘာ
မင်းရှိခဲ့ရင် ဒါဟာပျော်စရာ လောကနိဗ္ဗာန်
ငြိမ်းချမ်းရေးပါ နှစ်ယောက်တည်းကမ္ဘာ
Music
Verse 3
တည်ဆောက်ခြင်းတွေဟာ ခဲယဉ်းလည်းကွယ်
ဖျက်ဆီးဖို့ လွယ်ကူတယ် ဘယ်သူ ကြားဝင်ဝင်
အမြဲတမ်းသတိနဲ့ နှစ်ယောက်သား တို့နားလည်
Verse 4
ဗိုလ်ခြေတစ်သောင်းမလိုပါ မင်းတစ်ယောက်တည်းနဲ့တင်
အန္တရာယ်အားလုံး လုံခြုံလို့နေ ယာယီဝေးချိန်တွေ
နည်းသထက်နည်းသွားပြီး မကြာခဏဆုံပါရစေ
Chorus
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူး ဘဝမှာ
ချစ်လို့မဝပါ နှစ်ယောက်တည်းကမ္ဘာ
မင်းရှိခဲ့ရင် ဒါဟာပျော်စရာ လောကနိဗ္ဗာန်
ငြိမ်းချမ်းရေးပါ နှစ်ယောက်တည်းကမ္ဘာ
Solo
Verse 4
ဗိုလ်ခြေတစ်သောင်းမလိုပါ မင်းတစ်ယောက်တည်းနဲ့တင်
အန္တရာယ်အားလုံး လုံခြုံလို့နေ ယာယီဝေးချိန်တွေ
နည်းသထက်နည်းသွားပြီး မကြာခဏဆုံပါရစေ
Chorus
မင်းရှိခဲ့ရင် ကြည်ကြည်နူးနူး ဘဝမှာ
ချစ်လို့မဝပါ နှစ်ယောက်တည်းကမ္ဘာ
မင်းရှိခဲ့ရင် ဒါဟာပျော်စရာ လောကနိဗ္ဗာန်
ငြိမ်းချမ်းရေးပါ နှစ်ယောက်တည်းကမ္ဘာ
( FADE OUT )