Original key: D to Eb
Intro
Verse 1
အချစ်လို့ ခေါ်ခဲ့တဲ့ ဒီပန်းနုအချစ်နှုတ်ခမ်း
ချစ်ကတိတွေ သူပေး ကိုယ့်နှလုံးသားက ယုံစား
အထိအတွေ့ နုသေးတော့ အကြင်နာ ပေးကာ သူလေကစား
ခုတော့လေ ဝေးပြီ စဉ်းစား
Verse 2
အေးစက် မာကျောတဲ့ ကျောက်သားနဲ့ ထုထားသလား
သူရဲ့ ရင်ထဲက ခံစားချက် ရှိရဲ့လား
တစ်ချက်မှ အို စောင်းငဲ့မကြည့်
သူစိမ်းတစ်ယောက်လို သူ့သဘောထား
မနီးစပ်နိုင် ဝေးပြီ စိမ်းကား
Chorus
ပန်းနု နှုတ်ခမ်းပေါ် ချိုလွန်းတဲ့ပျားရည်
သေစေတဲ့ အဆိပ်သုတ်လို့ ယုယမှုလေး ပေးခဲ့တယ်
ပန်းလေးတစ်ပွင့်အလား ကိုယ့်အသည်းကြွေသွားပြီ
နူးညံ့လှတဲ့ နှလုံးသား ခြွေခူးပြီးတော့ပြေး
Verse 3
အခုထိ ကိုယ်စွဲတဲ့ ဒီပန်းနုအချစ်နှုတ်ခမ်း
စိတ်ကူးနဲ့မျှော်လင့်ချက်နဲ့ နှစ်ကိုယ်ခွဲတဲ့ အတိတ်လူသား
စိတ္တဇ အိပ်မက်လေးနဲ့လေ အမှတ်မရှိလေတဲ့ အသည်း
ချစ်စိတ်တွေ ဝေးလေ များပြား
Music
သေစေတဲ့ အဆိပ်သုတ်လို့ ယုယမှုလေး ပေးခဲ့တယ်
Music
နူးညံ့လှတဲ့ နှလုံးသား ခြွေခူးပြီးတော့ပြေး
Verse 3 (Key Changed to Eb)
အခုထိ ကိုယ်စွဲတဲ့ ဒီပန်းနုအချစ်နှုတ်ခမ်း
စိတ်ကူးနဲ့မျှော်လင့်ချက်နဲ့ နှစ်ကိုယ်ခွဲတဲ့ အတိတ်လူသား
စိတ္တဇ အိပ်မက်လေးနဲ့လေ အမှတ်မရှိလေတဲ့ အသည်း
ချစ်စိတ်တွေ ဝေးလေ များပြား
ခုတော့လေ ဝေးပြီ စိမ်းကား...ဟား...ဟား...