Original key: E
Intro
Verse 1
မိုင်ထောင်ချီဝေးတဲ့ ခရီးကို ဖြတ်သန်းရင်းနဲ့ တစ်ယောက်တည်း
အရင်လို မင်းအကြောင်းတွေပဲ တွေးကာ ခရီးဆက်
မှုန်ရီ ဝိုးတဝါးနဲ့ ဝေးပြီ ကျိန်စာများလား အသည်းကွဲမယ့် တို့ဇာတ်လမ်းလေး
အကြိမ်ကြိမ် နှိပ်စက်လွန်းတဲ့ မင်းမျက်ဝန်းတွေㅤငြိမ်းချမ်းတဲ့ လမ်းလေး
ကျန်ရစ်ခဲ့တော့ နေရာဟောင်းလေး ရောက်ရင် အမြဲတမ်းလွမ်း ဘယ်မေ့နိုင်မှာလဲ
Music
Verse 2
ဘယ်ဆီကို အဝေး ပြေးနေလဲ ဟိုမှာ မင်းနဲ့ ရှိချိန်လေး အရင်လို ပြန်ဆုံမလား
တမ်းတမိ ငါဟာ အတွေးများ အဆွေးများ လွင့်လို့ပျံခဲ့ မင်းလက်ကလွတ်ချ
ငါ့ဘဝလေး နင် ပျော်အောင် နေစေဖို့ ㅤမင်းကြည့်လို့ မသိခဲ့ဖူးတဲ့
ငါ့နှလုံးသားဟာ ငါလေ အမြဲတမ်း မင်းကို သိပ်ချစ်လို့ ဘယ်မေ့နိုင်မှာလဲ
Music
Chorus
နွေလိုပူ အိပ်မက်ㅤစာနာပါဦး ဘေဘီ မင်းလေးပဲ သတိရတယ်
လွမ်းတဲ့ အချိန်တိုင်း ဘယ်ဆီနေမယ် မင်းအနမ်းလေးတွေ ပြောပါ မင်းမှတ်မိဦးမလား
Music
Verse 3
ရင်မှာ အရှုံးတွေများစွာ ㅤㅤနှစ်သိမ့်ပြီး မင်းချန်ခဲ့ ငိုနေမယ် အခန်းကျဉ်းလေးထဲ
ဒီမှာ ငါ့ဘဝလည်း အဓိပ္ပာယ်မဲ့ ㅤမျှော်လင့်ထားခဲ့ဖူးတဲ့ အိုးဟိုး အချစ်ရေ
ဝေဒနာတွေပေးလည်း ဟို အရင် မင်းနဲ့ တို့ရဲ့အိပ်မက်ဟောင်းလေးရေ
ပြန်တွေးကြည့်လိုက်တော့ ဘယ်မေ့နိုင်မှာလဲ
Ending