Original key: C
Intro
Verse 1
တံခါးလေးဖွင့်လို့ ငါကြည့်ငေး ရင်ထဲကစိတ်ရဲ့အလိုအတိုင်း
အနီးဆုံး နှလုံးသားလေး ခုတော့ဘယ်ရောက်နေ
မကြာခင် ရှေ့ကလမ်းအတိုင်း မင်းရောက်လာမလား
Verse 2
အတွေးနဲ့လက်တွေ့ဟာ မတူလည်း မျှော်လင့်ချက် အပြည်နဲ့ပါပဲ
အားလုံးခွင့်လွှတ် မျှော်နေလည်း ရောက်မလာ
အို ပြန်လာချိန်ကို မင်းမေ့နေသလား
Chorus
ဆုံတွေ့ခွင့် တစ်နေ့တော့ရှိဦးမယ် ငါယုံကြည်နေချင်တယ် အချစ်စစ်ကို
ရင်ထဲကဖြစ်စဉ်မို့ မင်းနဲ့တို့ဘဝ အဝေးမှာ အသည်းအကြွေခံပြီး
မေ့လိုက်ကြမလားပြော
Verse 3
မပြောင်းလဲ အသစ်ဖြစ်နေနေဆဲ အဝေးဆုံးဝေးခဲ့ကြလည်း
တို့နှလုံးသားလေး အရင်လိုသတိရဆဲပဲ အို တို့ရဲ့အဖြစ်က အိပ်မက်မဟုတ်ဘူး
အတွေးနဲ့ လက်တွေ့ဟာ မတူလည်း ဒဏ်ရာနဲ့အသက်ဆက်ရှင်ဆဲ
ငါခွင့်လွှတ်လျက် မင်းကိုမျှော်နေတုန်းပဲ မေရယ်
ပြန်လာချိန်ကို မင်းမေ့နေသလား
Chorus
ဆုံတွေ့ခွင့် တစ်နေ့တော့ရှိဦးမယ် ငါယုံကြည်နေချင်တယ် အချစ်စစ်ကို
ရင်ထဲကဖြစ်စဉ်မို့ မင်းနဲ့တို့ဘဝ အဝေးမှာ အသည်းအကြွေခံပြီး
မေ့လိုက်ကြမလားပြော
မင်းနဲ့တို့ဘဝ အဝေးမှာ အသည်းအကြွေခံပြီး မေ့လိုက်ကြမလားပြော
Ending