Original key: C
Intro
Verse 1
သတိရသေးရဲ့လား စိတ်ကတွေးနေတယ် တကယ်ဆို အချိန်တွေကြာတော့လေ
အားလုံးမေ့လို့ နေမလားလေ ㅤမွေးသောအရပ်မြေက နှုတ်ဆက်ခဲ့ချိန်
ဒီလိုတိမ်တွေ ပြိုသောနေ့ ဘဝအရေးမို့ မျက်ရည်ချုပ်ထိန်း အဝေးဆုံးကိုပြေး
Pre Chorus
ကိုယ့်ကိုအကြာကြီး မသွားပါနဲ့ ခဏဆိုခဏလေးနဲ့ပြန်ခဲ့
ငယ်ငယ်ကသူငယ်ချင်း နင်မှတ်မိနိုင်မလားတွေး
အိပ်မက်အချိန်တွေတိုင်း အမြဲပြန်တယ်
ကျောင်းတော်ရယ် အပေါင်းအသင်းတွေနဲ့
အိုမွေးရပ်မြေ ကိုယ်ပြန်ခဲ့ပြီလေ
Chorus
ဟိုတုန်းက တို့နှလုံးသားထဲမှာ ချစ်ခဲ့ကြတဲ့ အတူကြီးပြင်းခဲ့
ကျောင်းသွားကျောင်းပြန် တို့ငယ်သူငယ်ချင်း သူမျှော်နေမှာလား
သူကြိုနေမှာလား ရင်ထဲလွမ်း...နေ
လေတိုက်တိုင်းပဲ ယိမ်းထိုးလှုပ်ခါ
အေးမြအရိပ်နဲ့ တို့အားလုံးပဲ ကစားခဲ့ကြတဲ့ ထနောင်းပင်အိုလေး
သူကြိုနေမှာလား သူငိုနေမှာလား ရင်ထဲလွမ်းနေ အိုမွေးရပ်မြေ ㅤㅤ ㅤㅤ
Verse 2
အဝေးရောက်ခဲ့ချိန်မှာ စိတ်ကသိလာ ရင်မှာ ထာဝစဉ်အဖေနဲ့အမေ
အဝေးကဦးခိုက် ကန်တော့နေလေတိုက်လို့ လွှင့်နေတယ် တဖျတ်ဖျတ်လှုပ်ခါ
တကယ်ဆို ကျွန်တော်ဟာစွန်ကလေး ဘယ်သူသိနိုင်မလဲ
စိတ်မှာ တကယ်တမ်းဆွေး...နေ
Pre Chorus
ကိုယ့်ကိုအကြာကြီး မသွားပါနဲ့ ခဏဆိုခဏလေးနဲ့ပြန်ခဲ့
ငယ်ငယ်ကသူငယ်ချင်း နင်မှတ်မိနိုင်မလားတွေး
အိပ်မက်အချိန်တွေတိုင်း အမြဲပြန်တယ်
ကျောင်းတော်ရယ် အပေါင်းအသင်းတွေစုံတယ်
အိုမွေးရပ်မြေ ကိုယ်ပြန်ခဲပေါ့လေ
Chorus
ဟိုတုန်းက တို့နှလုံးသားထဲမှာ ချစ်ခဲ့ကြတဲ့ အတူကြီးပြင်းခဲ့
ကျောင်းသွားကျောင်းပြန် တို့ငယ်သူငယ်ချင်း သူမျှော်နေမှာလား
သူကြိုနေမှာလား ရင်ထဲလွမ်း...နေ
လေတိုက်တိုင်းပဲ ယိမ်းထိုးလှုပ်ခါ
အေးမြအရိပ်နဲ့ တို့အားလုံးပဲ ကစားခဲ့ကြတဲ့ ထနောင်းပင်အိုလေး
သူကြိုနေမှာလား သူငိုနေမှာလား ရင်ထဲလွမ်းနေ အိုမွေးရပ်မြေ ㅤㅤㅤ ㅤㅤ
Solo
Bridge
အရင်တုန်းက တို့နှလုံးသားထဲမှာ ရှိဖူးခဲ့တဲ့ ကိုယ်ကြိတ်မှိတ်လို့ထားခဲ့ရတဲ့
ကိုယ့်ငယ်သူငယ်ချင်း သူကြိုနေမှာလား သူငိုနေမှာလား ပြန်ပြီးလွမ်းနေ
Chorus
ဟိုတုန်းက တို့နှလုံးသားထဲမှာ ချစ်ခဲ့ကြတဲ့ အတူကြီးပြင်းခဲ့
ကျောင်းသွားကျောင်းပြန် တို့ငယ်သူငယ်ချင်း သူမျှော်နေမှာလား
သူကြိုနေမှာလား ရင်ထဲလွမ်း...နေ
လေတိုက်တိုင်းပဲ ယိမ်းထိုးလှုပ်ခါ
အေးမြအရိပ်နဲ့ တို့အားလုံးပဲ ကစားခဲ့ကြတဲ့ ထနောင်းပင်အိုလေး
သူကြိုနေမှာလား သူငိုနေမှာလား ရင်ထဲလွမ်းနေ အိုမွေးရပ်မြေ ㅤㅤ ㅤㅤ
ရင်ထဲလွမ်းနေ...အိုမွေးရပ်မြေ