Original key: D
Intro
Verse 1
မရည်ရွယ်ပါပဲ ရင်မှာလှုပ်ရှားစွဲငြိကျန် ကိုယ်ချစ်သွားပြီကလေး
စကားလေးပြောရင် ခေါင်းကိုသူငဲ့တော့ စိတ်တွေ
ချစ်မိတာအပြစ်တစ်ခု ဖြစ်သွားလားㅤㅤ
လူကိုခြွေတဲ့ ရယ်သံချိုသော ပန်းလေးရေ ကိုယ်ကြည့်မောငေး
နှလုံးသားလေးကို ငြင်းပယ်လို့သွားမလားစိတ်တွေ
အခြားတစ်ယောက်ကို မင်းချစ်မှာလည်းစိုးㅤㅤㅤ
Chorus
ကိုယ်ကြာရင်မလွယ်ဘူး ဒီရင်မှာအချစ်ရူး ကိုယ်ကြွေလွယ်အောင် မင်းကလုပ်နိုင်သူ
အို ဟန်ဆောင်မလွယ်ဘူး ကိုယ်ချာချာလည်မူး
ကိုယ့်နှလုံးသား ပန်းလေး အနားမှာ ကြွေနေတဲ့သူ
Verse 2
ရင်မဆိုင်နိုင်ဘူး မမြင်ပြန်ရင်လည်း တမ်းတသူ အို သိပ်ပြီး မလွယ်ဘူး
မင်းရှေ့ရောက်ရင် စကားတွေကိုယ်မှားလို့ ကလေး
မင်းကိုယ့်ကိုဟားတိုက်ရယ်မောမလားㅤㅤ
ကြယ်စင်နတ်သမီး မြေပေါ်ကြွေဆင်းကျတဲ့သူ ကိုယ်ကြည့်မောငေး
နင်ကျောင်းဆင်းတဲ့အခါ လိပ်ပြာတွေအနားကဝဲနေ
ကိုယ့်ညတွေ အိပ်ရနိုင်ဦးမလားㅤㅤㅤ
Chorus
ကိုယ်ကြာရင်မလွယ်ဘူး ဒီရင်မှာအချစ်ရူး ကိုယ်ကြွေလွယ်အောင် မင်းကလုပ်နိုင်သူ
အို ဟန်ဆောင်မလွယ်ဘူး ကိုယ်ချာချာလည်မူး
ကိုယ့်နှလုံးသား ပန်းလေး အနားမှာ ကြွေနေတဲ့သူ
Bridge
ရိုးသားစိတ်တို့ ကုန်ခဲ့ပြီ မင်းကိုငါချစ်နေပြီ
ဆုံးမ မရတဲ့ အချစ်များသည် ငါမင်းမှမင်းပဲဖြစ်နေပြီ
Solo
Chorus
ကိုယ်ကြာရင်မလွယ်ဘူး ဒီရင်မှာအချစ်ရူး ကိုယ်ကြွေလွယ်အောင် မင်းကလုပ်နိုင်သူ
အို ဟန်ဆောင်မလွယ်ဘူး ကိုယ်ချာချာလည်မူး
ကိုယ့်နှလုံးသား ပန်းလေး အနားမှာ ကြွေနေတဲ့သူ
Chorus
ကိုယ်ကြာရင်မလွယ်ဘူး ဒီရင်မှာအချစ်ရူး ကိုယ်ကြွေလွယ်အောင် မင်းကလုပ်နိုင်သူ
အို ဟန်ဆောင်မလွယ်ဘူး ကိုယ်ချာချာလည်မူး
ကိုယ့်နှလုံးသား ပန်းလေး အနားမှာ ကြွေနေတဲ့သူ မြင်နိုင်မလား ㅤ