Original key: C
Intro
Verse 1
အချိန်တန်ရင်ပြန်ပါ အချစ်နေ့တို့ ဆုံးတဲ့အခါ တိမ်စိုင်ဖြူတွေလို
မင်းလေးလည်း ဝေးလွင့်လို့ သွားမှာ ကိုယ်သိပြီးသား
ကိုယ်ပိုင်ဆိုင်တာဟာ သဲများထက် ရေးတဲ့စာ သောင်ပြင်တွေပေါ်ကို
လှိုင်းတက်တော့ ပျောက်ပျက်လို့ သွားမှာ သိနှင့်ပြီးသား
Pre Chorus
အတူဆုံချိန်လေးတွေရယ် မင်းအတွက်တော့ ခဏအပျော်သဘောလား
အိမ်ပြန်ချိန် လမ်းပေါ်မှာ ㅤကိုယ်ဟာလေ ပုံပြင်တစ်ပုဒ်လား
အလွမ်းပင်လယ် ကိုယ့်နှလုံးသား ဖွင့်ကြည့်ရင်မြင်မယ်
ရင်ခုန်သံလေးတွေလည်း ပြန့်ကြဲ ပင်လယ်ကြီးထဲ မင်းအနားမှာပဲㅤ
တိတ်တိတ်လေး လဲပြိုရင်းနဲ့ အခိုက်အတန့်လေး နေရတဲ့ခဏ
အမြဲဖြစ်ရင် ဘယ်လောက်ကောင်းမလဲ ချစ်သူရယ်
Music
အချိန်တန်ရင် ပြန်ပါ မင်းဆုံးဖြတ်လိုက်တဲ့အခါ နေဝင်ချိန်တွေကို
ငေးမောရင်း တဖြည်းဖြည်း အမှောင်ထဲမှာ ကျန်နေမယ့်ဘဝㅤ
ချစ်တတ်ခဲ့သမျှ ချစ်တာကို ယုံပါကွယ် တို့နှစ်ယောက်ရဲ့ဘဝ
ကမ်းခြေမှာ ပုံအပ်ခဲ့ခြင်းသာ ကိုယ်မမေ့နိုင်တဲ့ည
Pre Chorus
အတူဆုံချိန်လေးတွေရယ် မင်းအတွက်တော့ ခဏအပျော်သဘောလား
အိမ်ပြန်ချိန် လမ်းပေါ်မှာ ㅤအရာရာဟာ အိပ်မက်တစ်ခုလား
အလွမ်းပင်လယ် ကိုယ့်နှလုံးသား ဖွင့်ကြည့်ရင်မြင်မယ်
ရင်ခုန်သံလေးတွေလည်း ပြန့်ကြဲ ပင်လယ်ကြီးထဲ မင်းအနားမှာပဲㅤ
တိတ်တိတ်လေး လဲပြိုရင်းနဲ့ အခိုက်အတန့်လေး နေရတဲ့ခဏ
အမြဲဖြစ်ရင် ဘယ်လောက်ကောင်းမလဲ ချစ်သူရယ် ㅤ ㅤㅤ ㅤ
Solo
အလွမ်းပင်လယ် ကိုယ့်နှလုံးသား ဖွင့်ကြည့်ရင် မြင်မယ်
အလွမ်းပင်လယ် ကိုယ့်နှလုံးသား ဖွင့်ကြည့်ရင်မြင်မယ်
ရင်ခုန်သံလေးတွေလည်း ပြန့်ကြဲ ပင်လယ်ကြီးထဲ မင်းအနားမှာပဲㅤ
တိတ်တိတ်လေး လဲပြိုရင်းနဲ့ အခိုက်အတန့်လေး နေရတဲ့ခဏ
အမြဲဖြစ်ရင် ဘယ်လောက်ကောင်းမလဲ ချစ်သူရယ် ㅤ ㅤㅤ ㅤ
ဘယ်လောက်ကောင်းမလဲ ချစ်သူရယ်
Ending