မျောက်ဖြစ်ချင်တယ်
Intro
Verse 1
ကြင်နာခြင်းများထားခဲ့လို့ ရင်ခွင်ကို မင်းဝင်လာခဲ့တာ
ကိုယ်မသိခဲ့မိပါ ဟိုအရင်အချိန်တွေ သာယာလွန်းတာ
အချိန်ရှိတိုင်း အမြဲ မင်းလေးအတွက် ကိုယ်နာကျင်စွာ စောင့်မျှော်နေဆဲပါ
အချစ်ဆုံးရဲ့နံဘေးမှာ ရင်ခုန်ချစ်မိတဲ့ အပြစ်တွေများစွာ
Pre-Chorus
ဒီအချိန်မှာ မင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ
ပျော်မြူးလို့နေလည်း မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ
နာကျင်လွယ်တဲ့ နှလုံးသားထောင့်မှာ ဒဏ်ရာများစွာ ထားရစ်ခဲ့လည်း
မမြင်နိုင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ
Chorus
ငါဟာ မင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်နေ
အလွမ်းရက်ရှည်များမှာ ငါဟာ မင်းလေးရဲ့အဝေးမှာ
တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေးသွားလည်း ရင်မှာအမြဲ မင်းတစ်ယောက်ကို
ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့ ဟေး ရေး
Verse 2
မျှော်လင့်ခြင်းများ မရှိတော့လို့ ကမ္ဘာမြေတစ်ဖက်စွန်းကို
ကိုယ်ရောက်ချိန် မင်းလေးအတွက် အလွမ်းတွေ ကိုယ့်ရဲ့ရင်ထဲ ပြည့်နှက်နေခဲ့ပြီ
နာကျင်ခြင်းများနဲ့ လောကအလယ် ခံနိုင်ရည်စွမ်းမရှိလို့
ကိုယ်မင်းရဲ့အချစ်ကို မျှော်လင့်မိလို့ တစ်နေ့နေ့မှာ မင်းအနားရောက်လာခဲ့မှာ
Pre-Chorus
ဒီအချိန်မှာ မင်း ကြည်နူးခြင်းများနဲ့ ရင်ခွင်တစ်ခုမှာ
ပျော်မြူးလို့နေလည်း မင်းလေးမရှိတဲ့ ဒီရင်မှာ မျှော်လင့်ဆဲပါ
နာကျင်လွယ်တဲ့ နှလုံးသားထောင့်မှာ ဒဏ်ရာများစွာ ထားရစ်ခဲ့လည်း
မမြင်နိုင်တဲ့ အဝေးဆုံးကို ထွက်သွားပါရစေ
Chorus
ငါဟာ မင်းမရှိတဲ့အဝေးမှာ တမ်းတနေဆဲ နာကျင်နေ
အလွမ်းရက်ရှည်များမှာ ငါဟာ မင်းလေးရဲ့အဝေးမှာ
တမ်းတနေဆဲ ရင်ခုန်သံများနဲ့ တစ်ယောက်တည်းပါ
ဘယ်လိုပင် ဝေးသွားလည်း ရင်မှာအမြဲ မင်းတစ်ယောက်ကို
ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့ ဟေး ရေး
Solo

ဖြည့်ဆည်းပေးဖို့ အသင့်ပြင်ခဲ့
ဖြည့်ဆည်းပေးဖို့ ရှိချင်တယ်
Speed1.0x
Key0